Wednesday, February 20, 2013

တစ်ခြားစက်ထဲကို Command Line မှ ၀င်ရောက်ခြင်း

Command Line မှာ အသုံးချတဲ့ Script တွေကို ကောင်းကောင်းနောကြေနေပြီဆိုရင်တော့ ဒါလေးက တော်တော်ကို အသုံးဝင်မှာပါ ... Remote Execute ဖြစ်ပါတယ်.
Command Line ကနေ Network တစ်ခုထဲမှာ ရှိတဲ့ တစ်ခြား စက်တစ်လုံးထဲကို ၀င်ရောက်နိုင်မယ် Script Program လေးဖြစ်ပါတယ်။








ဒါဟာ Hacking လုပ်ခြင်းမဟုတ်ပါဘူး အရိုးသားဆုံးနည်းလမ်းနဲ့ တစ်ခြားစက်ထဲကို ထိုးဖောက်ဝင်ရောက်ခြင်းပဲဖြစ်ပါတယ်... ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ဝင်ချင်တဲ့စက်ရဲ့ Administration Access ရမယ့် User Name & Password လိုအပ်လို့ပါ။

ကဲစလိုက်ရအောင် ... အောက်က EXE File လေးကို ဒေါင်းလုဒ်ဆွဲပြီး System32 အောက်ထဲကူးထည့်ပေးရပါမယ်...
ဒီမှာဆွဲလိုက်ပါ
ပြီးပြီဆိုရင်တော့ အသုံးပြုသူများ အသုံးပြုရလွယ်အောင် ကျွန်တော်မတတ်တစ်ခေါက်ရေးထားတဲ့ Script လေးကိုလဲ တင်ပေးလိုက်ပါတယ် ...
ဒီမှာဒေါင်းပါ

အဲဒီ Remote Execute ဆိုတဲ့ Batch Script exe လေးကိုဖွင့်လိုက်ရင်

Set Host: မှာ ကိုယ် ဆွဲချင်တဲ့ IP Address ကို ရေးထည့်ပေးရပါမယ်။

Type user name: မှာ ကိုယ် ဆွဲချင်တဲ့ စက်ရဲ့ Administrative Access ရမယ့် User Name ကို ထည့်ပေးရပါမယ်

Type password: မှာ ကိုယ်ရေးထားတဲ့ User Name ရဲ့ Password ပါ

Set executable: မှာ Command Line နဲ့ဝင်ခြင်းဟာ အထိရောက်ဆုံးဖြစ်တဲ့အတွက် cmd.exe လို့ရိုက်ထည့်ပေးလိုက်ပါဗျ ...

အဲဒါဆိုရင် C:\Windows\system32> ဆိုတဲ့အောက်ထဲကိုရောက်သွားတာတွေ့ရမှာပါ ... ဟဲဟဲ အဲမှာ စပါပြီဗျာ ..
ကိုယ်ဝင်ချင်တဲ့ စက်ထဲ တစ်ကယ်ရောက်သွားတာလားဆိုတာ သေချာချင်ရင် ipconfig သို့မဟုတ် hostname လို့ရိုက်ထည့်ကြည့်လိုက်ရင်တော့ သေချာတယ်ဆိုတာ သိရမှာပါ .... အဲဒီအချိန်ကစပြီး ကိုယ်ရိုက်ထည့်လိုက်သမျှသော Command မှန်သမျှဟာ သူ့စက်မှာ အကျိုးသက်ရောက်မှာဖြစ်ပါတယ် ...

ရိုးရိုးသားသား အသုံးချနိုင်ကြပါစေဗျာ...

ဒါနဲ့ ကျွန်တော် ပေးထားတဲ့ Script Program လေးကို ဘာ Script တွေများရောထည့်ထားမလဲဆိုပြီး သံသယ ၀င်နေတဲ့ သူများအတွက်
=================================
psexec \\%address% -u %user% -p %pass% -s %exe%
=================================
ဒီ Command လေးနဲ့ အသုံးချရမှာဖြစ်ပါတယ်ဗျာ ...

p@ythee
Admin of Myanmar ITgroup

No comments:

Resources and Tools

Labels