Wednesday, August 22, 2012

Happy Virus ဆိုတာကြားဖူးခဲ့ကြမှာပါဗျ .. အစမ်းသဘောလေး ရေးကြည့်ကြမလား

Notepad ကိုဖွင့်ပြီး အောက်က ကုဒ်လေးတွေကိုကူးထည့်လိုက်ပါဗျ ... ပြီးရင် Save လုပ်ပြီး File Type မှာ All File လို့ရွေးပါ ပြီးရင် ပေးချင်တဲ့နံမည်ပေးပြီးတော့ ဥပမာ- HappyDay.bat လို့ Save လုပ်ပေးပါ ... ကျွန်တော် ကွင်းစကွင်းပိတ်နဲ့ ပြထားတဲ့ဟာကိုတော့ ဖျက်ပစ်ပေးပါ မဟုတ်ရင် အဲဒါကို Run မိတဲ့ စက်ဟာ အရမ်းကိုလေးပြီးတော့ ... Hang သွားမှာမို့ပါ ဗျ  .. ထိန်ချန်ထားခြင်းမရှိပါဘူးဗျာ ..တစ်ကယ် Happy Virus ဖြစ်ချင်တယ်ဆိုရင်တော့ ... မဖျက် နဲ့ပေါ့ဗျာ ... ဘာကိုမှ မရည်ရွယ်ပါဘူး ကျွန်တော် ပြောပြီးသားပါဗျ .. နောက်ဆက်တွဲပြသနာတွေ ကျွန်တော် နဲ့မဆိုင်ဘူးနော် ... ဟီး

အများကြီးရေးချင်ရင် ဆက်ရေးလို့ရပါတယ် Happy Virus ကဒါနဲ့သဘောတရားချင်းတူတူပါပဲဗျ ... သူကပိုလဲများတယ် ... ကျွန်တော်ဖျက်ခိုင်းတဲ့ စာကြောင်းလဲပါတယ် အဲတော့ ဘယ်တော့မှ အဆုံးမသတ်နိုင်တော့ပဲ စက် Hang သွားရခြင်းဖြစ်ပါတယ် ...

စမ်းချင်တယ် ဆိုရင်တော့ goto စာကြောင်းကိုဖျက်ပေးပါဗျ ... Post တစ်ခုနဲ့တစ်ခု တင်တာ အရမ်းကိုကြာတဲ့အတွက် ကျွန်တော်တောင်းပန်ပါရစေဗျာ ...

@echo off
echo x=msgbox("Happy Virus",0+10,"Happy Virus") > msg1.vbs
echo x=msgbox("Happy Birthday",0+11,"Happy Virus") > msg2.vbs
echo x=msgbox("Happy Happy Happy",0+10,"Happy Virus") > msg3.vbs
echo x=msgbox("Happy Virus Happy Virus :) :) :)",0+10,"Happy Virus") > msg4.vbs
:happy
start msg1.vbs
start msg2.vbs
start msg3.vbs
start msg4.vbs
goto :happy   (ဒီစာကြောင်းကို ဖျက်ပစ်ပေးပါဗျ ...)

No comments:

Resources and Tools

Labels