Why You Shouldn’t Use a Task Killer On Android ?
------------------------------
Task Killer ကို Android ပေါ်မှာဘာကြောင့်မသုံးသင့်သလဲ ?
------------------------------
တစ်ချို့က Task Killer application ဟာ Android Phone တစ်ခုအတွက် မရှိမဖြစ်လိုအပ်တယ်လို့ ထင်ကြပါတယ်။
ဒီလိုအတွေးတွေနဲ့ > "နောက်ကွယ်မှာ Run နေတဲ့ Application တွေကို ပိတ်လိုက်ခြင်းအားဖြင့် Phone ရဲ့ လုပ်ဆောင်ချက် Performance ပိုကောင်းလာပြီး Battery Life ကိုလဲ ပိုမိုဆွဲဆန့်နိုင်လိမ့်မယ်လို့
Task Killer ဟာ နောက်ကွယ်မှာ Run နေတဲ့ Application တွေကို ပိတ်ပစ်ဖို့နဲ့ အဲဒီ Application တွေကို Memory ပေါ်ကနေ ဖျက်ပစ်နိုင်တဲ့အထိ စွမ်းဆောင်နိုင်ပါတယ်။
Android Doesn’t Manage Processes Like Windows
Android ဟာ Running လုပ်နေတဲ့ Process တွေကို Window လိုမျိုး Manage မလုပ်ပေးနိုင်ပါဘူး။ Android User တော်တော်များများဟာ Window OS နဲ့ ရင်းနှီးပြီးသားဖြစ်ကြပါတယ်။ Window ဟာ Application ပေါင်းမြောက်မြားစွားကို တစ်ကြိမ်ထဲမှာ Run နေနိုင်ပြီး အသုံးမပြုတော့ရင်တောင် System Tray ထဲမှာ နေပြီး Running လုပ်နေနိုင်တဲ့အတွက်ကြောင့် Computer Performance ကျစေပါတယ်။ အသုံးမပြုတော့တဲ့ Application တွေကို ပိတ်ပစ်ခြင်းအားဖြင့် Computer ရဲ့ Performance ကို မြှင့်တင်နိုင်ပါတယ်။
မည်သို့ပင်ဆိုစေကာမူ Android ဟာ Window မဟုတ်ပါဘူး။ Window လုပ်ဆောင်နိုင်တဲ့ Process များကို Manage မလုပ်နိုင်ပါဘူး။ အဲဒီတော့ Window အပေါ်မှာ တွေးတဲ့အတွေးမျိုးတွေ Android ကို မလွှမ်းမိုးစေချင်ပါဘူး။
Android ဟာ လိုအပ်တဲ့ Process လေးတွေ နောက်ကွယ်မှာ Run ဖို့ အတွက် Application Developer များကလဲ လိုအပ်တာလေးတွေ Run နေဖို့ကို တမင်တကာ Design ထုတ်ထားတာဖြစ်ပါတယ်။ (ဥပမာ-Facebook Application - ကိုယ် Mail ဖတ်နေရင်လဲ Notification လေးတွေ အသစ်ရောက်ရင်ပေါ်တယ် --- နောက်တစ်ခါ Live Wallpaper) ဒါမျိုးလေးတွေပေါ့ဗျာ ... နောက် ဥပမာတွေအနေနဲ့ music players, file-downloading programs, Apps that sync in the background.
ဒါတွေကတစ်ကယ်ကိုလိုအပ်ပါတယ်။
သင်အခုပဲသုံးခဲ့တဲ့ Application လေးတွေ ထွက်လိုက်တယ် တစ်ခြားဟာ လုပ်တယ် ပြီးရင် ခုဏက Application ကိုပြန်သွားတယ်။ နဂို သုံးလက်စအတိုင်းပဲ ပြန်သုံးရတာမကောင်းဘူးလား။ Task Kill လုပ်ပစ်လိုက်တယ်ဆိုရင် Phone အနေနဲ့လဲ အစကပြန် Run ရတယ်။ သင့်အနေနဲ့လဲ နဂိုနေရာရောက်အောင် ပြန်သွားရမယ်။ သင် နောက်တစ်ကြိမ်ပြန်သုံးရတာ အိုကေအောင် Ready ဖြစ်အောင် Phone ရဲ့ RAM ထဲမှာသိမ်းထားပေးတာတွေကို ဖျက်ပစ်တယ်။ ကဲမခက်ပေဘူးလား အဲခါကျမှ Performance လျော့မယ် အချိန်ကုန်တယ်။
ကျွန်တော်ဆိုလိုချင်တာက Task Killer ဆိုတဲ့ Application ဟာ အသုံးပြုဖို့ မသင့်တဲ့ အပလီကေးရှင်းတစ်ခုဖြစ်ပါဒယ်ဆိုဒ
စာသံပေသံကောပေါက်ရဲ့လားဗျ... ဟီးဟီး How-To-Geek မှ ဘာသာပြန်ဆိုပါသည်။
ပေသီး
Admin of Myanmar ITgroup
No comments:
Post a Comment