Saturday, December 22, 2012

HTML(HyperText Markup Language) -1

ဒီအ ပိုင်းမှာတော့ HTML(HyperText Markup Language) ကိုဘယ်သူ စထွင်
ခဲ့တာလည်းဆိုတာ ပြောပြချင်ပါတယ်.. 
HTML ကိုစခဲ့သူလို့လည်းပြောပြော Father Of the Web လို့လည်းခေါ်ခေါ်အားလုံးကသိကြတာကတော့ သူ့နာမည်က Sir Tim Berners-Lee ( ၁၉၅၅ ခုနှစ်ဖွား) ပါ.. သူကကွန်ပျူတာပရိုဂရမ်မာ မဟုတ်ပါဘူး.. ဗြိတိန်လူမျိုး ရူပဗေဒပညာရှင် ဖြစ်ပြီး လက်ရှိ World Wide Web Consortium (W3C) ရဲ့ ဒါရိုက်တာလည်းဖြစ်ပါ တယ်..သူကစတင်ခဲ့တာပါ ။



အရင်ဆုံး HTML
ဆိုတာဘာလည်းဆိုတာရှင်းလိုက်ကြရအောင်.. အမှန်တော့ HTML ဆိုတာက ကျနော်တို့နေ့စဉ်အသုံးပြုဖတ်ရူနေတဲ့ Web Page တွေဖြစ်လာဖို့ အနောက်ကနေ အဓိကရေးသားရတဲ့ Language တစ်ခုပါပဲ.. HTML ရဲ့အရှည်က တော့ HyperText Markup Language ပဲဖြစ်ပါတယ်..

 HTML မှာအဓိက လုပ်ဆောင်ပေးတဲ့ လုပ်ငန်း(၂) ခုရှိပါတယ်..
အဲ့(၂)ခုကဘာလည်းဆိုတော့ Documents တွေ Text တွေကိုအပြန်အလှန် ချိတ်ဆက်ပေးခြင်း (Interlinking) နဲ့ World Wide Web (WWW) ပေါ်မှာ Documents တွေ ..Contentတွေနဲ့ Web Page တွေကို အစီစဉ်ကျနေအောင် လိုချင်တဲ့ပုံစံချပေးခြင်း ( Formatting Documents ) ဆိုတဲ့လုပ်ငန်း (၂) ခုပဲဖြစ်ပါတယ်.. ဒါ့ကြောင့် HTML ကို
(Hypertext); Documents တွေကို အပြန်အလှန်ချိတ်ဆက်ပေးတဲ့ Language တစ်ခုအနနဲ့ရော၊ (Markup) ; လိုချင်တဲ့ Web Page ပုံစံရအောင် Tags တွေအသုံးပြုပြီး ပုံစံချလို့ရတဲ့ Languageအနနဲ့ပါပေါင်းပြီး HyperText + Markup Language = HyperText Markup Language ( HTML ) လို့ခေါ်ခြင်းပဲဖြစ်ပါတယ်.. နောက်အရေးကြီးတာ တစ်ခုကတော့ HTML ဟာ Programming Language မဟုတ်ပါဘူး.. Markup Language (Code Language) တစ်ခုပဲဖြစ်ပါတယ်..



နောက်တစ်ခု Markup Language ဆိုတာဘာလည်းဆိုတာပဲ.. အဲ့တာလည်းသိပ်တော့မရှုပ်ပါဘူး.. ငယ်တုန်းက ကလေးတွေအိမ်ဆောက်တဲ့ ပုံစံစုံ အစုံရောင်စုံအ တုံးလေးတွေလိုပါပဲ.. HTML Tags တွေက အဲ့လိုရောင်စုံ အ တုံးလေးတွေပေါ့.. လိုချင်တဲ့ပုံစံရအေင် စီရင်စီရင်းနဲ့ နောက်ဆုံး Webpage ဆိုတဲ့
အိမ်ပုံလေးပေါ်လာတာပဲလေ..၀က်ဘ်ပေ့ခ်ျတွေရဲ့ နောက်မှာ HTML Tags ( Code)
တွေနဲ့တည်ဆောက်ထားတယ်ဆိုတာကို အောက်ကပုံ ကိုကြည့်ရင် သဘောပေါက်မှာပါ..တကယ်တော့ Internet Web
Broswers တွေမှာ Web Page တစ်ခုကို ကိုယ်ပေါ်ချင်တဲ့ပုံစံနဲ့ပေါ်နိုင်ဖို့ နောက်ကအ မိန့်ပေးခိုင်းနေတာ Markup Tags
တွေပဲပေါ့..
HTML Tags များဖြင့် ၀က်ဘ်ဆိုက်တခုအားနေရာချတဲ့နမူနာပုံ
HTML Webpage တစ်ခုရဲ့ Typical A ကျဆုံး Skeleton Structure ကို မှာကြည့်နိုင်ပါတယ်..အ သေးစိတ်ရှင်းလင်းချက်တွေကိုတော့ နောက် ပို့စ်တွေမှာဆက်ဖတ်ပါရအောင်ဗျာ...

တို့လို့တန်းကြီ့းလုပ်ထားတာတော့မဟုတ်ရပါဘူး ...  တစ်နေ့နဲနဲ တင်ပေး ခြင်းဖြင့်  .... နားလည်လောက်မယ်ထင်လို့ပါ ။

No comments:

Resources and Tools

Labels