Saturday, February 23, 2013

Microsoft Access Password Crack Tools

Microsoft Access ဆိုတာ Database တစ်မျိုးပါ ... သူ့ကို ဘယ်လိုနေရာတွေမှာ အသုံးပြုသလဲဆိုရင် Database လိုအပ်မယ့် Hardware Device တစ်ချို့မှာ မှတ်တမ်းတင်ဖို့ရာ အသုံးပြုပါတယ်...
ဥပမာ အားဖြင့် - ကျွန်တော် တို့ ရုံးတက် ရုံးဆင်း မှတ်တမ်းတွေကို Record လုပ်ဖို့ရာ အသုံးပြုတဲ့ Finger Print နှိပ်ရတဲ့ စက်ကလေးတွေ သိကြမှာပါ... အဲဒီစက်မှာ နှိပ်ဖို့အတွက် အရင်ဆုံး စက်မှာ Register လုပ်ရပါတယ်။ နံမည်နဲ့ လက်ဗွေ တွဲမိဖို့အတွက်ဖြစ်ပါတယ်။ 

အဲဒါကို အဲဒီ Finger Print Device ထဲမှာပါတဲ့ System က Microsoft Access File ( *.mdb ) အနေနဲ့ စက်ထဲမှာ မှတ်တမ်းတင်သိမ်းဆည်းလိုက်ပါတယ် ... ၀န်ထမ်းအားလုံးရဲ့ အ၀င်အထွက် မှတ်တမ်းတွေ အားလုံးဟာလဲ အဲဒီ ဖိုင်လေးထဲမှာပဲ သိမ်းဆည်းထားပါတယ်ဗျ ... အဲဒါကို Company ရဲ့ HR ဋ္ဌာန က စက်ဝယ်ယူထားတဲ့ ဆိုင်က သင်ပေးလိုက်တဲ့ အတိုင်း Finger Print စက်မှာ Stick ကလေးကို ထိုး - ဟိုနှိပ်ဒီနှိပ်နှိပ်ပြီး ( *.mdb ) ဖိုင်လေးကို ကူးယူပြီး Computer မှာ သူနဲ့ ကိုက်ညီတဲ့ Software နဲ့ ၀န်ထမ်း အ၀င်အထွက် ကို ဖတ်ကြပါတယ် အဲဒီ Software ကလဲ ပြင်လို့မရပါဘူး (မသမာမှု ပြုလုပ်လို့မရဖို့ဖြစ်ပါတယ်) ...

ဟတ်ဟတ် စကားတော်တော် ရှည်သွားပြီနော် ... ထားပါတော့လေ ကျွန်တော် Share ချင်တာက အဲဒီလိုမျိုး အသုံးပြုကြတဲ့ ( *. mdb ) ဖိုင်လေးတွေကို ဖွင့်ပြင်လို့မရအောင် Password ခံထားကြပါတယ် ... အဲဒါကို Password Crack လုပ်တဲ့ Tool လေးကိုပေးမလို့ပါ
***** ... ပေါက်ကရတော့ မလုပ်ကြနဲ့ နော် ကျွန်တော်က ဒီလိုဒီလို လုပ်လို့ရပါတယ်ဆိုတာ ပြောပြရုံလေးတင် ထက်မပိုပါဘူးဗျ ... *****

ဒီမှာဒေါင်းပါ

ပေသီး
Admin of Myanmar ITgroup

No comments:

Resources and Tools

Labels