Wednesday, April 3, 2013

PS1 Game တွေကို Android ပေါ်မှာဆော့ကြရအောင်




ကျွန်တော်တို့ ငယ်ငယ်တုံးက ဆော့ခဲ့ကြဖူးတဲ့ Play Station 1 Game လေးတွေကို လွမ်းကောင်းလွမ်းနေကြမှာပါ။ အဲဒါတွေထဲမှာ ကျွန်တော် အကြိုက်ဆုံးကတော့ Harvest Moon Back to Nature လေးပဲ ဖြစ်ပါတယ်ဗျာ။ အခု အဲဒီ Game လေးကို ကျွန်တော် Android ပေါ်မှာဆော့နေတယ်ဗျ။ အဲလို ဆော့ချင်တဲ့သူများ အောက်မှာ ကျွန်တော် ရေးပြထားတဲ့ Instruction အတိုင်းလိုက်လုပ်လိုက်ရင် ဆော့နိုင်မှာဖြစ်ပါတယ်ဗျာ။


- fpse and bios.zip ဆိုတဲ့ ဒီ File လေးကို အရင် ဒေါင်းလိုက်ပါ > https://docs.google.com/file/d/0B1Cpvolp1DX1cFlqNEZoWmhKZ28/edit?usp=sharing

- ဒေါင်းလို့ ရလာတဲ့ ထဲက FPse for android v0.11.44.apk ကို ဖုန်းမှာ Install လုပ်လိုက်ပါ။ ပြီးရင် မဖွင့်ပါနဲ့ဦး။

- Activator By zip5496.apk ကို Install ထပ်လုပ်လိုက်ပါ။ ပြီးရင် SCPH1001.BIN ကို ဖုန်းရဲ့ SD Card ထဲမှာ Folder တစ်ခု ဆောက်ပြီး ထည့်ထားလိုက်ပါဗျ။

- Play Station 1 Game ISO File တွေကို ဒေါင်းလုပ်ဆွဲဖို့ကတော့ဒီမှာပါ > http://www.freeroms.com/psx.htm အဲဒီမှာ နံမည်နဲ့ အစီအစဉ်တကျ စီထားပါတယ် လိုချင်တာကို ရှာဒေါင်းလိုက်ရုံပါပဲဗျာ။ ဒေါင်းလို့ရလာတဲ့ File ကို SD Card ထဲမှာ ထည့်ထားလိုက်ပါ။

- Phone ထဲမှာ fpse activator ကိုဖွင့်လိုက်ပါ။ Patch it! ဆိုတာလေးကို နှိပ်ပေးပါ။ Super User Permission တောင်းရင် Allow (or) Grant ကိုနှိပ်ပေးပါဗျ။ ဒါဆိုရင်တော့ရပါပြီ။

- fpse ကိုဖွင့်လိုက်ပါ။ SD Card ထဲမှာ သိမ်းထားတဲ့ SCPH1001.BIN ဆိုတဲ့ BIOS File ကို Load လုပ်ပေးရပါမယ်။

- ပြီးရင် Load Game ကိုနှိပ်ပြီး ကိုယ်ဆော့ချင်တဲ့ ဒေါင်းထားပြီးသား Game ISO File ကို ရွေးပေးလိုက်ရင် တစ်ကယ့် Play Station 1 အတိုင်းကစားလို့ရပြီဖြစ်ပါတယ်။

အဆင်ပြေကြပါစေဗျာ.... စာမလာသတင်းမကြာပဲ အချိန်တော်တော်ကြာအောင် ပျောက်ချင်းမလှပျောက်နေတဲ့ အတွက် တောင်းပန်ပါတယ်... နောက်နေ့တွေလဲ Post တွေကို ပုံမှန်လေး တင်နေနိုင်အောင်ကြိုးစားပါ့မယ်ဗျ... ကျူးဇ်တင်ဘာဒယ်

ပေသီး

No comments:

Resources and Tools

Labels