Saturday, April 6, 2013

Wireless Network Tools "Fing"

ကျွန်တော်အခုပြောပြမယ့် အကြောင်းအရာကတော့ Android ပေါ်မှာ အသုံးပြုရမယ့် Fing လို့ခေါ်တဲ့ Wireless Tools လေးတစ်ခုအကြောင်းဖြစ်ပါတယ်။ 

ဒီ Tools လေးက ကျွန်တော်တို့တွေ Scan စစ်ရင် သုံးနေကျဖြစ်တဲ့ Nmap နဲ့ ဆင်တူပါတယ်။ ပြီးတော့
အဲဒါထက်လဲပိုပါတယ်။ Wireshark မှာသုံးလို့ရတဲ့ Data ဘယ်လောက်သွားလဲ Packet ဘယ်လောက် Lost ဖြစ်သွားလဲ။ Packet ဘယ်လောက်လာလဲ စသဖြင့်ပါ ကြည့်လို့ရမှာဖြစ်ပါတယ်ဗျ။
သူက ကိုယ်ချိတ်ထားတဲ့ Wifi Network တစ်ခုတည်းမှာရှိနေတဲ့ device မျိုးစုံရဲ့ Mac Address, IP Address, Device Name, Device Type စသဖြင့်ပေါ့ဗျာ အားလုံးကို Scan စစ်ထားပေးပါတယ်။
ဒါ့အပြင် - Subnetting လုပ်ထားလား Super Subnetting လုပ်ထားလား ဆိုတာလဲ ကြည့်လို့ရပါတယ်။ Gateway, DNS, BSSID, Speed ကအစ ဖေါ်ပြပေးပါတယ်ဗျာ ... ပြီးတော့ Client တစ်ခုချင်းစီကို Service Scan လုပ်လို့ရတယ် ... Ping ကြည့်လို့ရတယ် ... Trace Rout လိုက်လို့ရတယ် ...
ကျွန်တော် ညွှန်းရတာ လဲ မောနေပြီဗျာ ... ဦးဦးတို့ ဒေါ်ဒေါ်တို့ သုံးကြည့်လိုက်ပါ ကြိုက်သွားလိမ့်မယ် :) အဖိုးတန်တဲ့ Tools လေးမို့ ကျွန်တော်ဒီလောက်ညွှန်းနေရတာပါ ... ဒေါင်းချင်တယ်ဆိုရင်တော့ အောက်က Link လေးမှာ ရယူနိုင်ပါတယ်ဗျာ

>>Download Here<<

No comments:

Resources and Tools

Labels