Sunday, January 6, 2013

Java programming language Introduction

 Java programming language အကြော့င်းရေးမယ်လို့စိတ်ကူးမိပါတယ် ဒါကြောင့်နေ့လည်က ကျွှန်တော် ပညာဒါန သင်တန်းပေးဖို့စာအုပ်တွေရိုက်ရမှာ ပျင်းနေတာနဲ့Java ဘက်ခနလှည့်လိုက်ပါတော့တယ်ဗျာ..။
ဟြေစရာရှိတော့မယ် ဟီ HTML တောင် 1 နဲ့ရပ်နေတယ် ။ဟုတ်ပါတယ် ကျွှန်တော်တ် 1 ဆိုစခဲ့ပီး 2 မှာဘာရေးရမှန်းမသိတော့လို့ပါ ဟဲဟဲ ။နောက်တာပါ ကျွှန်တော် အချိန်မပေးနိုင်သေးလို့ပါနောက်ဆိုလက်ရေးပေးသွားပါ့မယ် ဆရာပေသီး ရေ....။   :)
C++ တွေများတတ်ဘူးသူဆိုရင်တော့ ကလေးကလား နောက်သလိုဖြစ်နေမလားပါပဲ
ကဲပါ စလိုက်ရအောင် Java programming language က Sun Microsystems က၁၉၉၀ ပြည့်နှစ်လောက်က မိတ်ဆက်ပေးပြီး ၊ ယခုအချိန်မှာတော့ အလွန်ကို အသုံးများတဲ့  language တစ်ခုဖြစ်နေပါပြီ။
 Java program ၏ တည်ဆောက်ပုံဟာ object နှင့် class အပေါ်တွင် မူတည်နေသောကြောင့်Java သည် object oriented programming language တစ်ခုဖြစ်ပါတယ်။ တစ်ခြား language တွေထက် java ရဲ့ အသာချက် ကတော့မည်သည့် OS မှာ မဆို execute လုပ်နိုင်ခြင်း ပင်ဖြစ်ပါတယ်။
Compiling Java program
Java ကို compile လုပ်ရာတွင် အခြားသော language များနှင့် ကွဲပြားခြားနားပါတယ်။ objectcode
ထုတ်မည့်အစား java သည် byte code ဟုခေါ်သော ကြားခံ code တစ်ခုကို ထုတ်ပေး ပါတယ်။ ၄င်း
byte code ကို processor က နားလည်မည် မဟုတ်ပါ။ Bytecode များကို machine က
နားလည်စေနိုင်ရန်အတွက် JVM (java virtual machine) ခေါ်သော softwareတစ်ခုလိုအပ်ပါသည်။
Java byte code များက JVM software က execute လုပ်ပြီး output အဖြစ် machinecode
နားလည်သော code အဖြစ်ပြောင်းပေးပါတယ်။JVM ရှိမည်ဆိုပါက မည်သည့် OS တွင် မဆိုjavaကို
execute လုပ်နိုင်ပါသည်။ ထို့ကြောင့် java သည် (Write once,run any where) တစ်ကြိမ်သာရေးပါ။
ကြိုက်သည့် OS ပေါ်တွင် run နိုင်သည်ဟူသော ဂုဏ်ပုဒ်ကိုရရှိခဲ့ပါသည်။ နည်းပညာအားဖြင့် ပြောရမည်
ဆိုလျှင် byte code ထက် object code က ပို ၍လျှင်မြန်စွာexecuteလုပ်နိုင်ပါသည် ။ ထို့ကြောင့် byte
code သုံးခြင်းသည် translation layer များကို လိုအပ်စေပါသည်။ ဒါပေမယ့် ယခုခေတ်မှာတော့
hardware များ၏ လုပ်ဆောင်မှုများကအမြန်နှုန်း ကွာခြားချက်များကိုမမှုတော့ပါဘူး။
Java program တစ်ခုကိုစတင်ခြင်း
ပထမပြီးဆုံးအနနဲ့ကျွန်တော်တို့ simple progarm တစ်ခု လောက်နဲ့ စတင်ရေးကြည့်ရအေင်။
ဒီ code lineတွေကို notepad မှာရိုက်သွင်းရမှာနော် ။  Microsoft office မှာပါတဲ့ Microsoft word
ဒါမှမဟုတ် word perfect စတဲ့ word processing software တွေမှာ လည်းရေးသားလို့ ရပါတယ်။

1. class Firststep
2. {
3. public static void main (String args[])
4. {
5. System.out.println(”Hello”);
6. System.out.print(”Programmer”);
7. }
8. }
ကဲ program ကတော့ရေးပြီးသွားပြီ။save လုပ်ကြရအေင်။ဒီလို save လုပ်တဲ့အခါ သာမန် program application တွေကို save လုပ်သလိုမျိုး မိမိနှစ်သက်ရာနေရာမှာ save လုပ်လို့မရပါဘူး။
ကိုယ် JDK ကို install လုပ်ထားတဲ့ path လမ်းကြောင်းအတိုင်းသွားပြီး ၄င်း JDK folder ထဲမှ bin
ဆိုသော folder ထဲမှာ .javaဆိုသော extension နဲ့ save လုပ်ရမှာ ဖြစ်ပါတယ်။program ကို ဘယ်လို
runလုပ်ရမယ်ဆိုတာ မပြောခင် အဲ့ဒီ program က ဘယ်လိုအလုပ်လုပ်ပေးမှာလဲ? ဆိုတာကို
အရင်ရှင်းပြပါ့မယ်။ အလုပ်လုပ်ပုံကို line number တွေနဲ့ တစ်ဆင့်ချင်း ရှင်းပြထားပေးတယ်။
ဆက်လေ့လာကြည့်ပါ။
line number 1 က class တစ်ခုကိုတည်ဆောက်တဲ့အဆင့်ပဲဖြစ်ပါတယ်။
class name ကတော့ Firststep ပဲ ဖြစ်ပါတယ်။
 Line no 1 ကတော့class တစ်ခုတည်ဆောက်တဲ့ အဆင့်ပဲဖြစ်ပါတယ်။ class ရဲ့name ကတော့ Firststep ပဲ ဖြစ်ပါတယ်။
Line no 2 ကတော့ class ရဲ့အဖွင့်ပဲ ဖြစ်ပါတယ်။
Line no 3 ကတော့ main method ကိုကြေညာတဲ့အပိုင်းပဲ ဖြစ်ပါတယ်။
ဒီအပိုင်းကတော့ java program များအတွက် မပါမဖြစ်တဲ့အပိုင်းပဲ ဖြစ်ပါတယ်။
Line no 4 ကတော့main method ရဲ့အဖွင့် ပဲဖြစ်ပါတယ်။
Line no 5 ကတော့ monitor မှာ Hello ဆိုတဲ့ စာသားကို
ပေါ်လာစေရန် ရေးသားထားတဲ့ statement ပဲဖြစ်ပါတယ်။
Line no 6 ကတော့ monitor မှာProgrammer ဆိုတဲ့ စာသားကိုပေါ်လာစေချင် တဲ့အတွက် ရေးသားထားတဲ့ statement ပဲ ဖြစ်ပါတယ်။
Line no 7 ကတော့ main method ရဲ့ အပိတ်ပဲ ဖြစ်ပါတယ်။
Line no 8 ကတော့ class ရဲ့ အပိတ်ပဲဖြစ်ပါတယ်။ အဲဒီမှာသတိပြုမိလားတော့မသိဘူး ။ Line no 5 & 6 မှာ အနည်းငယ်ကွဲပြား နေတာကို ။ System.out.println & System.out.print ဆိုတာလေးပါ။ System.out.print ဆိုရင်တော့
output ကိုဒီအတိုင်းပြပေးမှာပဲဖြစ်ပါတယ်။ System.out.println ဆိုရင်တော့ output ကို ပြပြီးတာနဲ့
အလိုလျောက် cursor ကိုနောက် တစ်လိုင်းသို့ဆင်းပေးမှာဖြစ်ပါတယ်။
program ကိုတော့ရှင်းပြီးသွားပြီ ။အခုဘယ်လို run လုပ်ရ မယ်ဆိုတာကိုပြောပါမယ်။
J2SEdevelopmentkit ရဲ့ အစိတ်အပိုင်းအနေနဲ့ ပါပြီးသားပါပဲ။ J2SE package ထဲမှာ JVM ကို
JRE(Java Runtime environment) လို့လည်း ခေါ်ပါတယ်။ အခုရေးထားတဲ့ program ကို Firststep.java ဆိုတဲ့ name နဲ့ bin ဆိုတဲ့
folder အောက်မှာ save ပါ။  save လုပ်ပြီးပြီဆိုရင် ကျွန်တော်တို့ ဒီ program လေးကို run
ကြရအောင် ကဲ သင့်ရဲ့ windows start menu ကနေ cmd(command prompt)ကို အရင်ဆုံး ဖွင့်လိုက်ပါ။ ၄င်းမှတဆင့် သင် save လုပ်ထားတဲ့ program file ရှိရာ path လမ်းကြောင်းအတိုင်း ရောက်အောင်
သွားပါ။ ပြီးရင်တော့ သင့်ရဲ့ program ကို compile လုပ်ရန်အတွက် အောက်ပါ command များအတိုင်း
အဆင့်ဆင့်လုပ်ဆောင်ပါ။
javac Firststep.java
ဒါဆိုရင်သင့်ရဲ့ program ကို java compiler က compile လုပ်ပေးမှာဖြစ်ပါတယ်။ error တစ်စုံတစ်ခု
ရှိခဲ့မယ်ဆိုရင်တော့ သင့်ကို ဘယ် နေရာမှာမှားယွင်းနေကြောင်းကို compiler ကပြောပါလိမ့်မယ်။ error
ကင်းစင်ပြီဆိုရင်တော့ ဘာမှပြောမှာ မဟုတ်ပါဘူး။ ဒါဆိုရင် ဒီprogram ကို run ဖို့ရန်အတွက်
အောက်ပါ command ကိုဆက်လက် ရိုက်သွင်းပါ။
java Firststep
ဒါဆိုရင် စာသားကို output အဖြစ်သင့်မြင်ရမှာဖြစ်ပါတယ်။


ဘာမြင်ရလဲဆိုတာမပြတော့ဘူးဗျို့ ကိုယ့်ဟာနေကိုစမ်းကြည့်စေလိုပါတယ်ဗျာ။ :)

No comments:

Resources and Tools

Labels